Tuesday 26 July 2011

ဘာသာကို မျိုးဝါးလာခဲ့ပြီ

အစိုးရက မြန်မာပြည်မှ အခွန်တော်နှင့်ထောက်ပံ့သော နိုင်ငံခြား သာသနာအသစ်ကိုပင် မြန်မာပြည်သို့ သွတ်သွင်းပါသောကြောင့် ထိုသာသနာသစ် အာဏာအောက်သို့ ကျရောက်သော ဥပသကာတို့သည် မြန်မာပြည်တွင် အနည်းအများပါရှိရပါကြောင်း။

တနေရာတွင် အောက်ပါစာရင်းတို့ကို ပြထားသော ဇယာတစ်ခုကို တွေ့မြင်ရပါသည်။ 

“၎င်းဇယားကားမြန်မာပြည်တွင် ကျောင်းသားအရွယ် ကလေးပေါင်း ၃၇၀၀၀၀-ယောက်ရှိသည့်အနက် ၂၁၃-ယောက်တွင် တယောက်ကျဖြစ်သော ကျောင်းသားပေါင်း ၂၂၈၂၈-ယောက်တို့သည် ခရစ်ယာန်ကလေးများဖြစ်ကြပါသည်။

သိပံကျောင်းသားပေါင်း ၇၄၇-ယေက်မျှ ရှိသည့်အနက် ၁၅၄-ယောက်မှာ ခရစ်ယာန်များ ဖြစ်ပါကြောင်း။

၅-ယေက်လျှင် တယောက်ကျ ခရစ်ယာန်ဖြစ်ပါသည်။ အလယ်တန်းကျောင်းသား ၁၂၇၂၅၄ -ယောက်ရှိရာ ၎င်းအရေအတွက်တွင် ခရစ်ယာန် ၁၄၇၄၇-ယောက်ပါဝင်သောကြောင့် ၉-ယောက်တွင် တစ်ယောက်ဖြစ်နေပါကြောင်း။

“ဤဖော်ပြပါ ဂဏန်းတို့ကြောင့် အရေးကြီးတခုဖြစ်လာသည်မှာ အလွန်ဆိုးရွားနေပါ၍ ရဟန်းတော်များ၌ ထိုအရေးအတွက်တို့သည် ဓမ္မတာအလျောက် အပူပန်သော ရောက်ရပါကြောင်း။ 

၎င်းသူငယ်တို့အား ဗုဒဘာသာ သာသနာတော်သို့ ပြန်လည်ဝင်ရောက်လာစေရန်အတွက် ၎င်းတို့ ကြီးဒပြင်းလာသောအခါ ဗဒဘာသာကို နားလည်စေကြရမည်။

“ရဟန်းတော်တို့သည် မြန်မာလူမျိုးတို့ ဘေးအန္တရာယ်အတွက် အနာခံကြလျက် စစ်၏အပြင်းပြဆုံနယ်မှ တိုက်ခိုက်ကြပါလိမ့်မည်။ ထို့ပြင် မြန်မာတို့အတွက် ရှေးအထက်ကကဲ့သို့ ပေါများချမ်းသစွာနေနိုင်လျက် ဟုမ္မရူးရရန် အားထုတ်ကြပါလိမ့်မည်။

“တကာတို့-ဟုမ္မရူးရရန် ခိုင်လုံသော လမ်းမှာ များစွာမရှုပ်ထွေးလှပါ။ 

ဥပသကာတို့မှာ ၎င်းနည်းလမ်းအတွက် အသနားခံလျက ဒုက္ခရောက်ရန်များစွာမရှိပါ။ သို့ရာတွင်လူတိုင်းပင် ကိုယ်စီကိုယ်ငှ တာဝန်ဝတ္တရားကို ဆောင်ရွက်စေလိုပါသည်။

၎င်းအရေးတို့ကို ဆောင်ရွက်ရန် သင်္ကန်းဝါးနှင့် ရဟန်တော်များ ရှိနေကြပါ၍ ရဟန်းတော်တို့သည် ဒိစတြိတ်တခုမှတခုသို့၊ တမြို့မှတမြို့သို့၊ တရွာမှတရွာသို့ ဒေသစာရီလှည့်လည်ပြီး တိုင်းသူပြည်သားတို့အား တလုံးတစည်းတည်း အာဏာဖီဆန်ရန် ဟောပြောမည်မဟုတ်ဘဲ ရိုးရိုးနေထိုင်၍ စိတ်ရင့်သန်ရန် အားထုတ်ရမည့် နည်းလမ်းများကို လိုက်နာတတ်ကြရန် မျက်လုံးဖွင့်ပေးရုံမျှ ဟောပြောကြမည်ဖြစ်ပါကြောင်း။ 

မြန်မာတို့သည် နိုင်ငံခြားအထည်အလိပ် ဟူသမျှကို စွန့်ပစ်ရမည်။ 

နိုင်ငံခြားစားဘွယ်သောက်ဘွယ် နိုင်ငံခြားစည်းစိမ်တို့ သာဖြစ်သောအရာ၊ စက္ကူဆေးလိပ်စဖြင့် အခြားမကောင်းသော အရာဟူသမျှကို ရှောင်ကြည်ရမည်။

မြန်မာတို့သည် သီလကိုစောင့်ထိမ်း၍ အမျိုးကိုချစ်ခင်ကြလျှက် အလုပ်အကိုင်ကို အားထုတ်သော လူမျိုးဖြစ်စေပြီးလျှင် ကိုယ်တိုင်လေ့လာသင်ကြားကာ အခြားလူတဦး (သို့မဟုတ်) လူတစ်မျိုးကို အားမကိုးသော လူမျိုးဖြစ်စေရမည်။ 

ပျတ်ဝပ်သောသဘောကို မြန်မာတို့၏ စိတ်မှ နှုတ်ပယ်ပစ်ရမည်။ အမျိုးသားပညာရေးကို အားပေးကြ၍ မွန်မြတ်သော မြန်မာတို့ နှင့်ပူးပေါင်းကာ ကိုယ်ဒူးကိုယ်ချွန်ဖြစ်စေရမည်။ 

မြန်မာတို့သည် အရာရာ၌ လုံလောက်သော လူမျိုးဖြစ်စေရမည်။ အချင်းချင်း ယုံကြည်အားထားစေနိုင်ရန် ဖြောင့်မတ်စွာအားထုတ်ကြရမည်။

မြန်မာတို့သည် စွမ်းရည်သတ္တိနှင့် ဥာဏ်ပညာရှိကြောင်း ပြသကြရမည်။ 

ဤမျှလောက် ကျင့်စောင်နိုင်ကြသောအခါ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးမျှ မြာမာတို့ကို ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။

“အာဏာဖီဆန်ခြင်းသည် စောဒကတတ်ထိုက်သော ပြနာ မဟုတ်သည်မျာ ပထမအကြောင်းက  အေးချမ်းစွာညီညွတ်ရမည်ကိုသာ ဟောပြသော ဗုဒဘာသာ သာသနာတော်ကြောင့်၎င်း၊ ဒုတိယအကြောင်းမှာ ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးဗြိတိသျှအင်ပါယာမှ ကြီးမားသော အင်အားကို ဖြိုဖျက်ချိုးဖဲ့၍ အာဏာဖီဆန်ရေးကို မလုပ်ထိုက်သေးခြင်းကြောင့်၎င်း ဖြစ်ပါသည်။

မြန်မာတို့သည် ဗြိတိသျှကိုဖြစ်စေ၊ အခြားလူမျိုးကွဲကိုဖြစ်စေ ၎င်းတို့ကို ပိုမို၍လက်ခံလိုကြပါကြောင်း။ 

မြန်မာတို့မှာ ရန်သူမရှိဘဲ ဗုဒသာသာ သာသနာတော်အတိုင်း မြေပေါ်မှ ခပ်သိမ်းသော သတ္တဝါတို့သည် ညာတိသင်္ဂဟချည်းဖြစ်ကြပါ၍ ၎င်းလူမျိုးကွဲတို့ မြန်မာပြည်သို့ဝင်လာကြသည်ကို ဝမ်းမြောက်ကြရပါလိမ့်မည်။

၎င်းတို့အားတခုတည်းကိုသာ တောင်းဆိုလိုသည်မှာ မြန်မာတို့ကိုကျော်နင်းလျက် လွှမ်းမိုး အုပ်စိုးပြီးလျှင် မြန်မာတို့ထံမှ ခြစ်ကုတ်ယူရန် ကောင်းကင်မှစေလွှတ်ခံရသော ထာဝရဘုရား အလိုတော်အရ လူမျိုးကဲ့သို့ မြန်မာတို့ငြီးတွားသောခါ ကန်ကျောက်ခြင်းကို မပြုကြရန်ဖြစ်ကြောင်း။

ဗုဒမြတ်စွာဘုရား၏ ဓမ္မခံတို့ကို အတုယူကြပါလျှင် မြန်မာတို့အောင်မြင်မည်မှန်ပါကြောင်း။

“အင်္ဂလိပ်လူမျိုးတို့ကို မြန်မာလူမျိုးတို့က မြန်မာပြည်မှ နှင်ထုတ်လိုသည်မဟုတ်ပါ။ 

၎င်းတို့သည် အချို့သောလမ်းတို့တွင် မြန်မာတို့ကောင်းစားရေးကို ပြုစုပျိုးထောင်သော်လည်း မြန်မာတို့အာ များစွာသော ဒုစရိုက်တို့ကို သွတ်သွင်းပေးပါသည်။ သို့ရာတွင် ၎င်းတို့အား အမြဲနေစေလိုပါသည်။ 

မြန်မာတို့အလိုရှိကြသည်ကား ၎င်းတို့တွင်ရှိနေသော သြဇာကိုလျှော့ချ၍ အဓမ္မလောဘတို့ နည်းပါးစေပြီးလျှင် တရားသဖြင့်သာ နေကြစေလိုပါကြောင်း။ 

၎င်းတို့သည် မြန်မာပြည်၌ ညီအစ်ကိုသူငယ်ချင်း ဂုဏ်ရည်တူကဲ့သို့နေကြလျက် သစ္စာသမာဓိနှင့် တရားသဖြင့် အမှန်ကိုလိုက်နေကြပါလျှင် ၎င်းတို့ကို လက်ခံနိုင်ကြပါသည်။ 

မြန်မာပြည်ကို လက်အောက်ထားလျက် မြန်မာတို့အား ညီမျှသောအကျိုးကျေးဇူးကို မပေးသော မတရားသဖြင့် စီးပွားရှာခြင်းသဘောကို စွန့်လွတ်ကြရသာ လိုလားပါသည်။ 

အနာဂတ်ရွက်ဆောင်ရာတွင် ဦးပဉ္ဖင်းအား ယုံကြည်ကြသည်ကို မဖေါက်မပြန် ဖြောင့်မတ်မှန်ကွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ဦးပဉ္ဖင်းအဖို့မှာ ခပ်သိမ်းသောလူအမျိုးမျိုးတို့သည် တထပ်တည်းတပြေးတည်း အတူတူချည်းပင်ဖြစ်ပါကြောင်း။ 

မြန်မာပြည်နှင့် အိန္ဒိယပြည်မှာ သားချင်းနိုင်ငံဖြစ်ကြသည့် အတိုင်း တနိုင်ငံသည် တနိုင်ငံနှင့် ကင်းမဲ့လျက် မတည်နိုင်ဖြစ်ပါကြောင်း။

ဦးပဉ္ဖင်းအား ကြည်ညိုမြတ်နိုးကြ၍ လာရောက်ကြသော ပရိသတ်အပေါင်းတို့အား များစွာ ကျေးဇူးတင်ပါကြောင်း။”

(မှတ်ချက်။   ။ဖော်ပြခဲ့သော ဦးဥတ္တမ၏ ၉-ခန်းတန်ဆောင်းမိန်ခွန်းမှာ ၁၂၈၄-ခုနှစ်ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့ထုတ် “နေပြည်တော်ဂျာနယ်” မှ ကူးယူရရှိပါသည်။ 

လွန်ခဲ့သည့်နှစ်ပေါင်း ၃၂-နှစ်ကျော်က ထုတ်ဝေခဲ့သော စာအုပ်များ ဖြစ်၍ လွန်စွာမှာ ရှားပါးလှပါသည်။)

ဆရာတော်ဦးဥတ္တမသည် ဤမန္တလေးအိမ်တော်ရာ ၉-ခန်းတန်ဆောင်း၌ မိန့်ကြားရာတွင် သာသနာတော် ညိုးမှိန်လာပုံကို ဇယားအင်းစောက်၍  ပြသတော်မူသကဲ့သို့ပင် ရန်ကုန်မြို့ဂျူဘလီဟော၌ ကျင်းပသော အစည်းအဝေးမိန့်ခွန်းတွင် နိုင်ငံရေးကမ္ဘာ့ရာဇဝင်နှင့်တွဲဖက် ဟောပြောတော်မူလေသည်။

ငါတို့၏ထင်ခွေး ရေခပ် ဘဝရောက်ရတော့်မည်

“၁၂၈၄-ခုနှစ် တပေါင်းလဆန်း (၁၀) ရက်နေ့၌ ရန်ကုန်မြို့ ဂျူဘလီ ဟေရုံကြီးတွင် ပြည်လုံးကျွတ် 
အစည်းအဝေးတစ်ခုကို ကျင်းပခဲ့၏။ ဦးချစ်လှိုင်က ဥက္ကဌအဖြစ် ဆောင်ရွက်သည်။

ဆရာတော်က 
“ဦးပဉ္ဖင်းတို့၏ ဂုဏ်အင်္ဂါ သီးခြားရှိခြင်းသည်လည်းကောင်း၊ ဘာသာ သာသနာတော်ကြီးသည်လည်းကောင်း၊ 
မြန်မာအမျိုး တည်တံ့နေခြင်းသည်လည်းကောင်း၊ ပျောက်ကွယ်တိမ်ကောခြင်းတို့ ကျရောက်ရမည်ကား 
မုချဖြစ်ချေသည်။” 

စသဖြင့် ဗမာပြည်၌အင်္ဂလိပ်တို့စီမံကိန်းတခုအရ ဒုက္ခရောက်ရတော့မည့် အကြောင်းကို 
ရဲရဲတောက် ဖွင့်ချတော်မူသည်။